ဟိုက်ဝေး ခရီးသွားသူတွေ သတိထား ဂရုစိုက်ပါ

ဟိုက်ဝေး ခရီးသွားသူတွေ သတိထား ဂရုစိုက်ပါ
----
ရန်ကုန်-မန္တလေး မ်ုင်တိုင် ၁၅၀/၅
တစ်နာရီ ကီလိုမီတာ ၁၀၀ ဝန်းကျင်နှုန်းနဲ့ မောင်းနေတဲ့ ကားရှေ့ကို မကြောက်မရွံ့
ဘာစိတ်ကူးနဲ့ ဘာလိုချင်မှန်းတော့ မသိ ဖြတ်ဝင်လာပြီး ကိုးယို့ကားယား လာလုပ်တယ် ။
အခန့်မသင့်ရင် ဒီကောင်တွေရော ကားပေါ်ကလူအားလုံးပါ ရှောသွားနိုင်တယ် ။
ကားအရှိန်ရှော့ပြီး Driver အော်ဆဲတော့မှ ငနဲတွေက လမ်းဘေးပြေးဆင်းဆိုင်ကယ်ထားပြီး ပြေးတယ် ။
အနီးနားက မှောင်နေတဲ့ ချုံထဲ ဝင်ပုန်းတယ်။
ခရီးသည်တွေထဲက ယောက်ျားတွေအားလုံးနီးပါးဆင်းလာကြတော့
နှစ်ကောင်ထဲက တစ်ကောင်က အခြေအနေမဟန်မှန်းသိတော့ အစောကတည်းက ပြေးတယ် ။
ဒီတစ်ကောင်က မိတော့ ငိုပြတယ် ။
အဆင်မပြေလို့ပါ ကြောက်ပါတယ် ဒီတစ်ညတည်းလုပ်မိတာပါ ဘာညာပေါ့။
ဒီလမ်းမှာက အနိမ့်အမြင့်နည်းနည်းမညီတာနင်းမိလို့တောင် မှောက်ကြတာ
ခုကိစ္စက ခုလိုမဟုတ်ခဲ့ရင်။
၁၉၉ ကိုဆက်တယ် မကိုင်ဘူး !
သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါ၍ ပြန်လည်ခေါ်ဆိုပါရှင်တဲ့ !
ရန်ကုန်တိုင်းရဲမှူးရုံးကတစ်ဆင့် အမြန်လမ်းရဲတပ်ဖွဲ့ ဖုန်းနံပါတ်တောင်းပြီး ဒီကောင့်ကို လက်ပြန်ကြိုးတုတ် ဆိုင်ကယ်ကို ကား Tool Box ထဲထည့် ရှေ့ကစခန်းမှာ ချပေးခဲ့ ။
လိုက်ဖမ်းတဲ့ ကားဆရာ ဒေါသဇောမွန်နေတယ် ။
ငနဲတွေလက်ထဲမှာ လေးခွ တို့ ဓားတို့ရှိခဲ့ရင် မလွယ် အမှောင်ထဲက ကြည့်ရင် ကားမီးတွေရဲ့ အလင်းဘက်ကို အထင်းသား !

Daily Online News